ယုံကြည်မှုအစစ်အမှန်

လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးနေသူတွေကို အပြစ်စကားပြောကြတယ်။ မပြောနဲ့။ လူတစ်ကိုယ် ထင်တစ်လုံးပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူဟာ အလုပ်လုပ်တဲ့နေရာမှာ သိပ်အကျိုးရှိတယ်။ သောကကို ဖြေရှင်းရာ၊ ပေါင်းသင်းဆက်ဆံရာ၊ ပြဿနာဖြေရှင်းရာ၊ ပညာရေးနှင့် ဖိုမဆက်ဆံမှုတွေမှာ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူက သာတယ်။
ကိုယ့်ကိုယ်ကို အထင်ပြန်ကြီးချင်ရင် တချို့ကိစ္စတွေကို ပြန်စစ်လိုက်။ သတ္တိကောင်းကောင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်စစ်ရမယ်။ ကိုယ့်ဘ၀ရဲ့ စိတ်မချမ်းသာစရာတွေနဲ့ ကြုံတဲ့အခါ ကိုယ်ဘာလုပ်ခဲ့သလဲ ဘာလုပ်နေလဲ ဘာလုပ်သင့်လဲ ရဲရဲပြန်စစ်လိုက်ပါ။ ထောက်ပြလာသူရှိရင် သတ္တိရှိရှိ နားထောင်ပါ။
ကိုယ့်မှာ ပြစ်ချက်တွေ မတော်မရာ ခံစားချက် သိမ်ဖျင်းတဲ့ စိတ်ဓာတ်တွေ ရှိတာကို လက်ခံပါ။ ကိုယ့်ပျော်ရွှင်မှု အားလုံး ကိုယ့်မှာသာ တာဝန်ရှိတယ် ဆိုတာ လက်ခံပါ။ အနိမ့်ပါးဆုံးနဲ့ စိတ်ဆိုးမာန်ဆိုး စကားကို ရှောင်ပါ။ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်းနေထိုင်ပါ။ တခြားသူ စိတ်မကောင်းမှာစိုးလို့ ကိုယ့်ရင်ထဲက အမှန်တရားကို သိုဝှက်ထားတာမျိုး မလုပ်နဲ့။ ဘယ်ကိစ္စမှာမဆို အာရုံစူးစိုက်ပါ။ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ရှိတာဟာ ကိုယ့်ကိုယ်ကို စူးစိုက်စေပါတယ်။ ကိုယ့်ကျင့်ဝတ်က ကန့်ကွက်တဲ့ကိစ္စမှာ ကိုယ်ကိုယ်တိုင်လည်း လိုက်ကန့်ကွက်ပါ။
အစွန်းရောက်တာမျိုး မဖြစ်နဲ့။ အစွန်းရောက်တွေဟာ တက်ကြွနေတယ်။ ထက်မြက်နေတယ်။ အော်ကြီးဟစ်ကျယ် လုပ်တယ်။ ယုံကြည်မှုပြင်းထန်တယ်။ ဒါက စိတ်ရောဂါတစ်မျိုးလို့တောင် သတ်မှတ်နိုင်တယ်။ စိတ်ကျရောဂါရဲ့ ဇစ်မြစ်ဟာ ဒါပဲ။

မှတ်သားမိသော စကားများ

 

စကားလည်း မလွန်စေနဲ့၊ လူလည်း မလွန်စေနဲ့လိမ္မာချင်ရင် မမိုက်နဲ့၊ မိုက်ချင်ရင် မလိမ္မာနဲ့

ဘောင်ဘင်ခတ်တယ်ဆိုတာ ကြားဖူးမှာပေါ့။ အေး ဘောင်ဘင်ခတ်တိုင်း ပတ်ဝန်းကျင်ကို မထိခိုက်ပဲ မနေဘူး။ ဒါကြောင့် ပညာကို ဘောင်ဘင်ခတ်နေရုံ မလေ့လာပါနဲ့။ အဆုံးထိ လေ့လာပါ။ 
ကိုယ့်ဘ၀ကို ကျေနပ် ရောင်ရဲသူဟာ ကိုယ့်ဥခွံထဲမှာ ကိုယ်ပျော်နေသူပဲ။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ ကိုယ်ငုပ်လျှိုးနေသူဟာ တန်ဖိုးမဲ့သူပဲ။ 
အောင်မြင်မှုရလာပြီဆိုရင် သင့်ဘေးမှာ မိတ်ဆွေတုတွေ ၀ိုင်းဝိုင်းလည်နေပါလိမ့်မယ်။ အဲဒီရဲ့ တစ်ဖက်ဘေးမှာလည်း ရန်သူစစ်စစ်တွေ ရှိနေတတ်ပါတယ်။ 
ကိုယ့်ရဲ့ ဘ၀နိဂုံးကို ပြန်ကြည့်လိုက်တဲ့အခါ ကောင်းတာလုပ်ထားတာ ဘာမှ မရှိပါလားလို့ တွေးမိ နောင်တရမိတာလောက် ကြောက်စရာကောင်းတာ ဘာမှ မရှိ။ 
နှင်းဆီပန်းက လှတယ်။ လူတွေက သဘောကျတယ်။ ဒါပေမယ့် နှင်းဆီပန်းဟာ သူ့ကိုယ်သူ နှင်းဆီပန်းနဲ့ တူအောင်ဆိုပြီး တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။
လူတွေဟာ သစ္စာတရားကို မြတ်နိုးတယ်။ လိမ်ညာတာကို မုန်းတယ်။ ဒါပေမယ့် လိမ်ညာတာပဲ လုပ်တယ်။ သစ္စာမဲ့ဖို့ပဲ လုပ်ကြတယ်။ ဒါက ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်သဘောကို တစ်ယောက် ရှင်းရှင်း ဖွင့်မပြောခဲ့ကြလို့။
လူတွေဟာ လွတ်လပ်မှုကို ရည်ရွယ်ပြီး ဟိုဟာ ထိန်းချုပ် ဒီဟာထိန်းချုပ် လုပ်ကြတယ်။ တကယ်တမ်း ရလာတာက ပိုမို ကျဉ်းကြပ်မှုတွေပဲဖြစ်တယ်။ အဲဒီ ကျဉ်းကြပ်မှုကိုကြတော့ မထိန်းချုပ်နိုင်တော့တာနဲ့ ငါတို့ရဲ့ ကံတရားပေါ့ကွာလို့ လွှဲချပစ်လိုက်တယ်။

ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၃)

“ကျုပ်ကိုယ်ကျုပ် ယုံကြည်လက်ခံပြီးပြီဗျ”
ယန်းပေါဆတ်
လောကမှာ ကြီးပွားဖို့ တော်တော်ခက်တဲ့လူက ဘယ်သူမဆို ပေးနိုင် ရနိုင်တဲ့ ထင်မြင်ချက်ကို အရေးလုပ်တတ်တဲ့ သူပါပဲ။ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်တဲ့ အကျင့်မရှိရင် အဲဒီအကျင့်က လိုက်ပါ နှောင့်ယှက်တတ်တယ်။ ယီးတီးယားတား အကျင့်တွေကို အမြန်ဖျောက်ပစ်ပါ။
ဘယ်နေရာ ရောက်ရောက် လူသားတွေ အားလုံး နားလည်တဲ့ စကားက နှစ်မျိုးပဲ ရှိတယ်။ တမျိုးက “မကျေနပ်စွာ၊ ဒေါမာန်ကြီးစွာ၊ မောက်မာစွာ၊ ရိုင်းပြစွာ၊ ပြစ်တင်စွာ” ပြောသောစကားနှင့် တမျိုးက “ကျေနပ်စွာ၊ ခွင့်လွတ်နားလည်စွာ၊ စာနာထောက်ထား ယဉ်ကျေးစွာ၊ နူးညံ့သိမ်မွေ့စွာ ညှိနှိုင်းစွာ” ပြောသော စကားဖြစ်ပါတယ်။ သင်ကိုယ်တိုင် ဘယ်လို စကားမျိုး လိုအပ်သလဲ။
ဖြူဖွေးတဲ့ သင်္ချိုင်းဂူများဟာ အပြင်ပန်းအားဖြင့် လှတယ်။ ဒါပေမယ့် အထဲမှာ အရိုးစုပဲ ရှိတယ်ဆိုတာ သိထားပါ။
အမြတ်ဆုံးတရား ခြောက်ပါး
(၁) မြတ်သော အမြင်၊ (၂) မြတ်သော အကြား၊ (၃) မြတ်သော လာဘ်၊ (၄) မြတ်သော သိက္ခာ၊ (၅) မြတ်သော လုပ်ကျွေးမှု၊ (၆) မြတ်သော အောက်မေ့မှု။
လူတစ်ယောက် အသက်ရှင်ခြင်းဟာ လူ့ဘ၀နဲ့ လူ့ဝန်းကျင်မှာ လူ့တာဝန်ကျေဖို့ပဲ။ လူသားပီပီ လုပ်သင့်တာပဲ လုပ်ရမယ်။ ရပ်တည်ချက်နဲ့ လုပ်ရပ်တစ်ထပ်တည်း ကျရမယ်။ ကိုယ့်လုပ်ရပ်ကို လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ရမယ်။ ကိုယ့်အတွေးအခေါ်နဲ့ အများဆန္ဒညီနေရမယ်။ မှန်လည်း မှန်ကန်နေရမယ်။ လူတစ်စုနဲ့ မပတ်သက်ရဘူး။
ဘယ်သူမဆို တစ်ဖက်ကို သိပ်အားသန်သွားရင် တစ်ဖက်ကတော့ အားနည်းစမြဲပဲ။ ဘက်စုံထူးချွန်နေသူဆိုတာ ရှားတယ်။  ဒီတော့ ဘယ်သူမဆို တစ်ခုခုကို ရွေးချယ်ရမယ်။ မှန်ကန်ဖို့တော့လိုတယ်။ ဒီကြားထဲ မသေခင်စပ်ကြား လူအများအကျိုး ဘယ်လောက်ထိ သယ်ပိုးခဲ့လဲက ပိုအရေးကြီးပါတယ်။ ကမ္ဘာမှာ ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေ အများကြီးပဲ ဆိုတာ မေ့မထားနဲ့။
အောင်မြင်မှုအတွက် စိတ်ဝင်စားမှုနဲ့ စူးစမ်းမှုဟာ အခရာပဲ။ အောင်မြင်လာရင် ကိုယ့်အောင်မြင်မှု ထိန်းထားရမယ်။ စကားကို လက်လွတ်စပယ် မပြောနဲ့။ ငါလုပ်တဲ့အတိုင်း ဖြစ်ရမယ်လို့ မမှတ်နဲ့။ အောင်မြင်သူဟာ စံ နေရာမှာ အမြဲနေနေရမယ်။ ကဲ unicode creater ကြီးတို့ရေ ပြင်ပြီးမှ ပြန်ချပြ။ ဒီတိုင်းဆို နည်းနည်း အန်ချင်တယ်။ အဲဒါကြောင့် ရှေးလူကြီးတွေ ပြောတာပေါ့။ မပြင်ခင်လုပ်။ မလုပ်ခင်ပြင်လို့။

ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၂)

တချို့က သူ့တို့ကို သူတို့ ဉာဏ်စွမ်းဉာဏ်စ ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေကြတယ်။ ဉာဏ်စွမ်း ဉာဏ်စ ဘယ်လောက်ရှိရှိ လက်တွေ့လုပ်တာလောက် ဘယ်အရာမှ သက်ရောက်မှု မရှိဘူး။ အကျိုး မရဘူး။  လူညံ့ဟာ ဘယ်သောအခါမှ မအောင်။ လူအောင်သည် ဘယ်သောအခါမှ မညံ့ တဲ့။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးနေတာလောက် ကျရှုံးလွယ်တာ မရှိပါဘူး။

အများညီရင် ဤ ကို ကျွဲဟု ဖတ်ရမယ်တဲ့။ အားလုံးက တညီတညွတ်တည်း အပေါ်ကို တက်လှမ်းနေချိန် အောက်ကို အဆင်းရဲတဲ့ လူရဲ့စကားပဲ။ zawgyi-one နဲ့ အားလုံးအောင်မြင်နေချိန် မပြည့်စုံတဲ့ unicode ကို ထထ ပြီး ချပြနေတဲ့ လူတွေကို ပြောတာပါ။ ကိုယ့်ကွန်ပျူတာနဲ့ ဖတ်ရချင် ဖတ်ရမယ်။ သူများ ကွန်ပျူတာနဲ့ ဖတ်လို့ မရနိုင်ဘူးဆိုတာလောက်တော့ နားလည်ကြပေါ့။ လူတွေကလည်း ခက်ပါတယ်။ ပကာသန မမက်မောဘူး ပြောပြီး ပကာသနရှိတဲ့လူရဲ့ အမှားကို မှန်တယ်လို့ ဇွတ်ဇွတ်ထောက်ခံကြတယ်။ ငါကွဆိုပြီး အထက်က ငနဲတွေ အမှားလုပ်လို့ ကောင် သထက်ကောင်းအောင်။ တော်သေးတာပေါ့။ အမှန်တရားကို ချစ်ကြတယ်တဲ့ ခစ် ခစ်။
“အကောင်းဆုံး” ဆိုတာ စေ့စေ့စပ်စပ် အသေးအဖွဲမကျန် ဆောင်ရွက်တာ။ “အများဆုံး” ဆိုတာ တွင်တွင်ကျယ်ကျယ် ကျင်ကျင်လည်လည်လုပ်တာ။ “အလိုအပ်ဆုံး” ဆိုတာ စိတ်ထားကောင်းခြင်း။ “အမှားဆုံး” ဆိုတာက အယူသည်းခြင်း။
အလုပ်တစ်ခုကို စတင်တော့မယ်ဆိုရင် ကိုယ့်အရည်အသွေးကိုကိုယ် ရဲရဲစစ်ရဲရမယ်။ ဒါမှ ချို့ယွင်းချက် မြင်ပြီး ပြင်ဆင်ချက်တွေ သိပ်မပါဘူးဖြစ်သွားမယ်။ ပြီးတော့ ငါမှန်းထားတဲ့အထိ ငါလုပ်နေသလား။ ငါတတ်နိုင်သလောက် အစွမ်းကုန်ပြီလား။ လက်ရှိထက် ပိုလုပ်နိုင်သေးလား။ (အများအကျိုး ဆိုရင်) အများနဲ့ ညီပြီလား။ သူတပါး နှစ်လိုဖွယ် ဖြစ်ပြီလား။ အားလုံး ကို ချပြနိုင်တဲ့အထိ ဒီအလုပ်ဟာ အပြီးသတ်နိုင်ခဲ့ပြီလား။ စတဲ့ လားပေါင်းများစွာကို ဖြတ်ကျော်ပြီး ဖြစ်ရမယ်။ ပလွှားတဲ့စိတ်ဟာ အများလည်း အမြင်ကတ်တယ်။ ကိုယ်တိုင်လည်း ၀မ်းနည်းရပါတယ်။ ဆုံးဖြတ်ချက်ကို မြန်မြန် မချနိုင်ရင်၊ ကြောက်တတ်ရင်၊ စိုးရိမ်စိတ်များရင်၊ ဆက်ဆံရေး မပြေပြစ်ရင်၊ အများကြည်ညိုအောင် မနေနိုင်ရင်၊ သူ့အပြစ်လား ငါ့အပြစ်လား မခွဲခြားတတ်ရင်၊ အလုပ်အပေါ် အာရုံများရင်၊ မပွင့်လင်းရင်၊ ကွဲလွဲချက်တွေကို သည်းမခံနိုင်ရင် “အများအကျိုးပါ” လို့ ပါးစပ်က မအော်ဘဲလုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ပရဟိတ တော်တော်များများကလည်း အတ္တဟိတကို အခြေခံနေတတ်ပါတယ်။
သူတပါး ထင်မြင်ချက်နဲ့ ကိုယ့်ကိုယ်ကို ကိုက်ညှိနေရင်လည်း ဘယ်တော့မှ မအောင်မြင်တဲ့သူ စာရင်းထဲက နံပါတ် (၁) နေရာမှာ အမြဲနေကြပေါ့။ စကားအများကြီးပြောနေတဲ့သူဟာ သူဘာမှ မတတ်တာကို သူများသိမှာ စိုးလို့တဲ့။ ခုလည်း အဲလိုပဲရှင့် ခစ် ခစ်။

ဗဟုသုတလေးများ

ဘိက္ခုနီသာသနာ
ဘိက္ခုနီသာသနာသည် သာသနာနှစ် (၅၀၀) ကျော်တွင် ပြတ်စဲခဲ့သည်။ အသောကမင်းကြီး ပါဋလိပုတ်ပြည် တတိယသင်္ဂါယနာ(သာသနာနှစ် ၃၀၄ [ဘီစီ ၂၄၀])တွင် အရှင်မဟာမဟိန္ဒ၏ ညီမတော် သံဃမိတ္တာသာလျှင် နောက်ဆုံး ဘိက္ခုနီအဖြစ် သာသနာ့သမိုင်းတွင် တွေ့ရသည်။ ထို့ကြောင့် ထိုသံဃမိတ္တာ ပျံလွန်တော်မူပြီးနောက် ဘိက္ခုနီသာသနာ စတင်ပျောက်ကွယ်သည်။

မြန်မာမင်းဆက်များ
သီပေါမင်းပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိသျှဝိတိုရိယဘုရင်မကြီး သိမ်းမြန်းစိုးအုပ်မင်းလုပ်ပါတယ်။ အဲဒီနောက် သားတော် သတ္တမမြောက် အက်ဒ၀ပ်ဘုရင် ၊ သားတော် ပဉ္စမမြောက် ဂျော့ဘုရင်၊ သားတော် အဋ္ဌမမြောက် အက်ဒ၀ပ်ဘုရင်(၀င်ဆာမြို့စား) ၊ ဆဋ္ဌမမြောက်ဂျော့ဘုရင် ဆက်လက်အုပ်ချုပ်တယ်။ အဲဒီနောက် ဂျပန်ဘုရင် တင်နော်ဟေကာ၊ ဆဋ္ဌမဂျော့ ဆက်လက်အုပ်ချုပ်တယ်။ ပြီးမှ ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလ၊ သန့်ရှင်းအစိုးရ၊ တော်လှန်ရေးကောင်စီ၊ နိုင်ငံတော်ကောင်စီအုပ်ချုပ်ခဲ့တယ်။ ခုတော့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ (နိုင်ငံရေး မဟုတ်ပါ။ သိစေလိုရုံမျှသာ ဖြစ်ပါသည်)

သင်္ကြန်ယိမ်း
မန္တလေးမြို့၊ မြို့မတူရိယာအသင်းသည် ၁၉၂၈ ခုနှစ်၊ သင်္ကြန်ကာလအတွင်းတွင် ကားရှေ့သို့ ငန်းရုပ်တင်ပြီး မဟာမုနိမြတ်စွာဘုရားသို့ ရေကန်တော့သွားခဲ့ကြ၏။ ရေပက် မခံရသေး။ နောင်နှစ် ရေသပ္ပါယ်ပြီးနောက် အပြန်တွင် ရေပက်ခံရ၏။ ထို့နောက်တွင် တူရိယာများကို ရေစိုခံနိုင်အောင် ပြုလုပ်ကာ ရိုးရိုးလေးပင် တီး၍ မဟာမုနိမြတ်စွာဘုရားကို ရေသပ္ပါယ်ကြပြန်၏။ နောက်တစ်နှစ်တွင် အတီးသက်သက်မကောင်း အကလေးပါ ပါမှ ကောင်းသည်ဟု တိုက်တွန်းကြသဖြင့် တစ်ယောက်စ နှစ်ယောက်စ စ၍ က,ကြ၏။ ထိုမှ နောက်နှစ်တွင် ယိမ်းအဖွဲ့ဆိုပြီး ပေါ်လာခဲ့သည်။ ၎င်းယိမ်းအဖွဲ့က နဂါးဆေးလိပ်ခုံပိုင်ရှင်မှ လှပသော မိန်းကလေးများကို ရွေးချယ်၍ “နဂါးမယ်”အဖွဲ့ ဆိုပြီး က,ခိုင်းခဲ့သည်။ ဤကား သင်္ကြန်ယိမ်းအစဖြစ်ခဲ့လေသည်။ (မသိသေးသူများ သိစေရန် ရည်ရွယ်သည်။)

သိပ္ပံပြဿနာနှင့် ၀ိဇ္ဇာပြဿနာ
သိပ္ပံပြဿနာက ရေက အောက်၌ ရှိနေခြင်း၊ လယ်ယာကို ကုန်းပေါ်တွင် စိုက်ပျိုးခြင်း၊ ကန္တာရတွင် ရေထွက်လာခြင်းများဖြစ်သည်။
ဝိဇ္ဇာပြဿနာက “ထမင်းစားပြီးပြီလား?” “ပြီးပြီ” (တကယ် မစားရသေး)၊ “အလုပ်နောက်ကျ လှချည်လား?” “ကားနောက်ကျလို့” (တကယ်တော့ အိပ်ယာထ နောက်ကျ) စသည်များဖြစ်သည်။

ကွာရှင်းပြတ်စဲပြီးလျှင်
ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာဆောင်စဉ်ကရသော ပစ္စည်းများကို တစ်ယောက်တစ်ဝက်စီယူရမည်။
ထို့နောက် လက်ထပ်ပွားပစ္စည်းခေါ် အိမ်ထောင်ပြုပြီးနောက် လင်နှင့်မယား ရှာ၍ရသော ပစ္စည်းများကို တစ်ယောက် တစ်ဝက်စီခွဲယူရမည်။
ပါရင်း ပစ္စည်းကို သုံးပုံပုံ၍ နှစ်ပုံကို ပိုင်ရှင်ယူပြီး တစ်ပုံကို သူ့ကို ပေးရမည်။ ပါရင်း ပစ္စည်းဆိုသည်မှာ မုဆိုးဖို၊ မုဆိုးမဖြစ်၍ နောက်အိမ်ထောင်ပြုလိုက်သဖြင့် မကင်းရာ မကင်းကြောင်း ယူလာရသော ပစ္စည်းများဖြစ်သည်။
လက်ထပ်ပြီးမှ ယောက္ခမနှင့် မိဘတစ်ဦးဦးမှ ဆုံးပါး၍ အမွေရလျှင် ပိုင်ရှင်က သုံးပုံပုံ နှစ်ပုံယူ၍ သူ့ကို တစ်ပုံပေးရသည်။
လက်ထပ်ပြီးနောက် ပစ္စည်းတစ်ခုခုကို တစ်ယောက်တည်း အမည်ဖောက်လျှင် ထိုအမည်ပေါက်သူ ယူစေ။
စိတ်သည်လည်းကောင်း အခြေအနေသည်လည်းကောင်း တစ်ရက်နှင့် တစ်ရက်မတူသဖြင့် လင်ခန်း မယားခန်းပစ္စည်းကို သင့်သော ပညာဖြင့် ဝေဖန်နိုင်စေ။

ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၁)

ယုံကြည်ခြင်းနဲ့ အလားတူတဲ့ စိတ်က လိင်စိတ်ပါပဲ။ လိင်စိတ်ကို ယုံကြည်မှုဘက် ဆွဲသွားနိုင်မယ်ဆိုရင် ဘ၀မှာ မအောင်မြင်တဲ့ အချိုးအကွေ့ ဆိုတာ မရှိပါဘူး။ လက်ထပ်တယ်။ လင်မယားဖြစ်တယ်။ သား သမီးရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ပြင်းထန်တဲ့ ရာဂနှင့် တစ်ယောက်ကိုတစ်ယောက် မနမ်းခဲ့ဖူးဘူး။ မပွေ့ဖက်ခဲ့ဖူးဘူးဆိုရင် ဆွဲငင်မှုကြီးမားတဲ့ အောင်မြင်ချင်စိတ်ကို သူတို့ပိုင်မှာပဲ။ အောင်မြင်ချင်တဲ့ အပိုင်းကဏ္ဍကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့လေ။

ချစ်တဲ့စိတ်ဖြစ်စေ မုန်းတဲ့စိတ်ဖြစ်စေ စိတ်ထဲကို တစ်ကြိမ်တစ်ခါလောက် အစိုးရခဲ့ဖူးပြီဆိုရင် အဲဒီစိတ်ဟာ ဘယ်တော့မှ လွှင့်ပျောက် မသွားတော့ပါဘူး။ အဲဒီစိတ်ကို အထပ်ထပ် ပွားများ ကျင့်ကြံမယ်ဆိုရင် နောက်ဆုံး သူဟာ အဲဒီစိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတာပါပဲ။ ကောင်းပြီ။ ကိုယ့်ရဲ့စိတ်မှာ ဘာလို့ အလေ့ကျပင်ပေါက်တွေကို ဘာကြောင့် ပျိုးထောင်ကြရမှာလဲ။

ဗဟုသုတ ပြည့်စုံလှတယ်လို့ အပြောခံရတဲ့သူတိုင်းဟာ တစ်ဝမ်းတစ်ခါးလှရုံ နေထိုင်သွားကြရတာပဲ သင်တို့ မြင်ခဲ့ပြီးပါပြီ။ ပညာဟာ ဘယ်ပညာမဆို တစ်ဖက်ကမ်းခတ်ရပါတယ်။ ဗဟုသုတအဖြစ်ပေါ့ဆိုရင် ကြီးပွားတိုးတက်ဖို့ အခက်ခဲဆုံး အတားအဆီးကို ကိုယ့်ဘာသာကိုယ် ဖန်တီးတာပဲ။ တစ်ခုကောင်း ပညာတတ်မြောက်တာလောက် ဒီလောကမှာ အဆင်မပြေတာ မရှိပါဘူး။

လောကမှာ ဖြေဆေးမရှိတဲ့ ချွတ်ယွင်းချက်တစ်ခုရှိတယ်။ အဲဒါကတော့ ကြီးပွားလိုတဲ့ စိတ်မရှိခြင်းပါပဲ။ အလုပ်တစ်ဖက် ပညာတစ်ဖက် သင်ယူလုပ်ကိုင်နေတဲ့သူကို နိုင်ငံတကာ လုပ်ငန်းရှင်တွေက လိုအပ်နေချိန်မှာ အဲဒီလူမျိုး ရှားပါးဆဲပါပဲ။ (ကိုယ့် အမျိုး ကိုယ်ခန့်ရန်သာ တတ်ကျွမ်းသော မြန်မာများမပါ) ပညာတတ်အောင်သင် ကုလားထိုင်ပေါ်ထိုင်ပြီး ငါ့ကို ဘယ်ကုမ္ပဏီကများ အလုပ်ဘယ်တော့ ခန့်မှာပါလိမ့်ဆိုရင်လည်း လူပဲ သေသွားမှာပါပဲ။ (တစ်နေ့က စင်ကာပူကို ၄၀ လောက်အကုန်အကျခံ သွားပြီး မြက်ပေါက်ခဲ့ရလို့ ပြန်လာတဲ့ သူငယ်ချင်းကို သတိရလို့)

လူတိုင်း စိတ်ကူးဉာဏ်နှစ်မျိုးထဲက တစ်မျိုးကို ပိုင်ဆိုင်ထားရမယ်။ ၁။ ဆက်စပ်ဖန်တီးဉာဏ်နှင့်၊ ၂။ အသစ်တီထွင်ဉာဏ်ပါပဲ။ တစ်ခု မဟုတ် တစ်ခုကို ပိုင်ဆိုင်ထားရမယ်။ နံပါတ် ၁ လည်းအောင်မြင်တယ်။ နံပါတ် ၂ လည်းအောင်မြင်ပါတယ်။

တိုးတက်ကြီးပွားခြင်း တို့ ဆန္ဒပြည့်စုံခြင်းတို့ကို ပိုင်ဆိုင်ထားတဲ့သူများကို အင်တာဗျူးဆရာ ဆရာမတွေက မေးမေးလေ့ရှိတယ်။ လျှို့ဝှက်ချက်က ဘာလဲတဲ့။ အဲဒီအင်တာဗျူးဆရာ ဆရာမဟာ အင်တာဗျူးအဲလို လုပ်ရင်း သေမှာ။ သူများကိုလည်း ဘာမှ ချပြနိုင်မှာ မဟုတ်ဘူး။ တိုးတက်ကြီးပွားခြင်းနှင့် ဆန္ဒပြည့်စုံခြင်းမှာ လျှို့ဝှက်ချက်ဆိုတာ မရှိမှ မရှိပဲ။ ဒါကို သိမြင်တတ်ဖို့ပဲလိုတယ်။

အခွင့်အရေးနှင့် အကြံကောင်း ဉာဏ်ကောင်းတို့ဟာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတတ်တယ်။ ပေါ်လာတဲ့အချိန် အမိအရ မဆုတ်ကိုင်နိုင်သေးရင် သေချာမွေးထားပါ။ ကြာလာတဲ့အခါ မဆောင်ရွက်ဘဲ မနေနိုင်လောက်အောင် ဖြစ်လာပါလိမ့်မယ်။

အသည်းကွဲရေဒီယို

သူသည် အရက်ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ အပြင်ထွက်လာသည်။ သူက ခြေကို ရှေ့ဘယ်ဖက် ဆက်လှမ်းရမှန်း မသိဖြစ်နေသည်။ အရှေ့ဘက် လမ်းမလိုလုပ်ပြီး အနောက်ဖက်သို့ လှမ်းသည်။ သူ့ဦးနှောက်ထဲတွင် အနောက်ဘက်တွင် သူတောင်းစားများနေသော အိမ်တစ်လုံး ရှိသည်ကို သတိတစ်ချက် ရလိုက်သောကြောင့်ဖြစ်သည်။ ထိုစဉ် သူ့ရှေ့သို့ ကားတစ်စီး လာထိုးရပ်သည်။ ကားက တကယ့်အကောင်းစား နောက်ဆုံးမော်ဒယ်နဲ့ ကားဖြစ်သည်။ သူ့ မှတ်ဉာဏ်ထဲသို့ “ဒီကား ၀ယ်ဖို့ ပိုက်ဆံတွေ ငါရှာထားတာ၊ ငါ့အတတ်ပညာတွေနဲ့ ရှာထားတာ” ဟု ၀င်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ အဘယ့်ကြောင့် ဆိုသော် “ကျွန်မသာ အရင်းအနှီးတွေ မထုတ်ပေးနိုင်ခဲ့ရင် ခုအချိန်မှာ ရှင်ဟာ ပညာတွေ မိုးထိအောင် တတ်နေတဲ့ ဖွတ်တစ်ကောင် ဖြစ်မှာပဲ” ဆိုသောအသံက တိုးတိုးဝင်လာသည်။
“တက်”
ကားတံခါး ပွင့်သွားသည်။ အထဲမှ နူးညံ့သော အသံလေး တစ်သံထွက်ကျလာသည်။ေ၀၀ါးနေသော အမြင်ဖြင့် အသံပိုင်ရှင်ကို မော့ကြည့်သည်။ အသားအရေများ နုညက်ပြီး ၀င်းအိနေသော မိန်းမလှလေးတစ်ဦးကို မြင်ရသည်။ သူ့မှတ်ဉာဏ်ထဲသို့ “ငါနဲ့ လက်ထပ်ဖူးတဲ့ မိန်းမပဲ” ဟု သတိက ၀င်လာတစ်ချက် မ၀င်လာတစ်ချက် ဖြစ်နေသည်။
“တက်လေ”
ကားထဲမှ မွှေးပျံသော ရနံ့နဲ့အတူ ရေဒီယိုမှ လွှင့်နေသော သီချင်းသံကို ကြားနေရသည်။ မိန်းမလှလေး၏ အသံက နည်းနည်းမာလာ သယောင်ရှိသည်။ သူတက်ရမည်လား မတက်ရဘူးလား။ သူ့ဦးနှောက်က မဆုံးဖြတ်နိုင်။ အရက်ကြောင့် မဟုတ်တာတော့ သေချာသည်။
“တက်ပါ”
မိန်းမလှလေးက ကားတံခါးကို ဖွင့်ပေးသည်။ ဒါ ပထမဆုံးအကြိမ် ဒီမိန်းမ ငါ့ကို ကားတံခါး ဖွင့်ပေးဖူးခြင်းပဲ ဟု သူတွေးလိုက်သည်။ ငါတက်မယ်။ ဒီမိန်းမ ဖွင့်ပေးတဲ့ တံခါးဟာ ဒီတစ်ခါ ပထမဆုံးအကြိမ် ဖြစ်နိုသလို နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်။ သူ ဆုံးဖြတ်ချက်ကို သေသေချာချာ ချလိုက်သည်။ ကားတံခါးကို သူက အကျင့်အတိုင်း ဖြည်းဖြည်းချင်း ဖိပိတ်လိုက်သည်။ အမှန်က သူ ဒိုင်းခနဲ ဆောင့်ပိတ်လိုက်သင့်သည်။ သို့သော် ၁၀ နှစ်နီးပါး အကျင့်က သူ့ကို ရုတ်တရက် မပြောင်းလဲစေနိုင်ပါ။ ကားမှန်များ အလိုအလျောက် တက်ကာ ပိတ်သွားသည်။ ကားစတင်ထွက်သည်။ ရေဒီယို လိုင်းပြောင်းသွားသည်။ သူကြားဖူးနေကျ ရေဒီယို တစ်ခု လွှင့်သည်။
“သိပ် စုတ်ပဲ့တာပဲ”
သူကြားဖူးနေကြ အသံဖြစ်သည်။ အသံလွှင့်သူ တစ်ဦးတည်းဖြစ်သည်။
“ရှင့်လို အောက်တန်းစားနဲ့ လက်ထပ်မိတာကိုက ကျွန်မရဲ့ အကြီးကျယ်ဆုံး အမှားပဲ။ ရှင့်လုပ်ရပ်တွေက ကျွန်မရဲ့ အသိုင်းအ၀ိုင်း ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်ထိ ထိခိုက်စေတယ်ဆိုတာ ရှင်မသိဘူးလား၊ ရှင့်လို နလပိန်းတုံးက ဒါတွေကို သိမှာလည်း မဟုတ်ပါဘူး၊ ငါကိုက အကြီးဆုံး အမှားမှားခဲ့တာ၊ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးတဲ့ ရှေးလူကြီးများ သိပ် အမြင်ကျယ်တာပဲ၊ ငါကိုက မှားပါတယ်လေ”
သူသိပါသည်။ ဆက်လက်ထုတ်လွှင့်မည့် အစီအစဉ်ကို သူသိပါသည်။ သူမကို လက်ထပ်ချင်သူ ၀ိုင်းဝိုင်းလည်နေသည့်အကြောင်း ဂုဏ်သိက္ခာအကြောင်း ငွေအကြောင်း ရွှေအကြောင်းတွေ ထုတ်လွှင့်သွားမည်။ သူသည် ထိုထုတ်လွင့်ချက်များအားလုံး ဘယ်နားဝင် ညာနားထွက် ဖြစ်နေသော်လည်း သူ့သူငယ်ချင်းတွေ လွင့်ထုတ်ခဲ့သော ရေဒီယိုအစီအစဉ်လေးကို ကြားယောင်ရင်း ရယ်ချင်နေမိသည်။
“မင်း မိန်းမရ ကံကောင်းတယ်ကွာ၊ မိန်းမရတာနဲ့ အလုပ်လည်းရ။ နေရာတောင် ရိုးရိုးနေရာမှာ ရတာ မဟုတ်ဘူး။ တကယ့်နေရာ၊ အိမ်ကြီးကလည်း ဟီးထနေတာ။ ကားကိုလည်း ကိုယ်တိုင်မောင်းစရာမလို၊ အငြိမ့်သား ထိုင်စီးနေလိုက်ရုံ”
စသဖြင့် သူ့အား ချီးကျူးခန်းတွေ ဖွင့်ကြသည်။ အင်းလေ။ ငါ ကားသော့လေး တစ်ခါကိုင်မိတာနဲ့ “ကိုယ်နဲ့ တန်လား မတန်လား စဉ်းစားပြီးမှ ကိုင်” ဆိုတဲ့ သူမရဲ့ စကားကို ငါ့သူငယ်ချင်းတွေ ကြားမှ မကြားဖူးတာ” ဟု သူ တွေးကာ ရယ်လိုက်သည်။
”အော် သူငယ်ချင်းတွေ သူငယ်ချင်းတွေ။ မျက်မြင်ကိုယ်တွေ့ ဆိုတာတွေကလည်း မှားနိုင်သေးကြောင်း မင်းတို့ကို ငါဘယ်လို ရှင်းပြရမလဲကွာ”

ဒိုင်ယာရီ အဟောင်းမှ (၃)

၁ နှင့် ၂ ကို အသုံးချရလို့ မဖြစ်နိုင်တော့ရင် ၃ ကို အသုံးချရမှာပဲ။ ဘယ်လိုလဲ။ အစီအစဉ် တစ်ခုကို ဆွဲလိုက်တယ်။ ၁က ဒီလိုလုပ်မယ်။ ၁ မဖြစ်ခဲ့ရင် ၂ လုပ်မယ်။ ၁ ရော ၂ရော မဖြစ်နိုင်တော့ရင်တော့ ၃ နဲ့ စခန်းသွားရမှာပဲ။ တတိယနည်းလမ်းပေါ့။ လေမတိုက်ရင် တက်မကိုင်ပြီး လှော်မှ လိုရာခရီး ရောက်မယ်လေ။

အကူအညီပေးနိုင်တဲ့ လက်ဟာ ဘယ်ကို ကြည့်ရမလဲ။ လက်မောင်းရင်းကို ကြည့်ရမယ်။

နေထိုင်လိုက်စမ်းပါ။
ကြည့်တဲ့အခါ — တည့်တည့်ကြည့်
ပြောတဲ့အခါ — တည့်တည့်ပြော
စဉ်းစားတဲ့အခါ — ထိထိမိမိ စဉ်းစား
လမ်းလျှောက်တဲ့အခါ — ဆုံးဖြတ်ချက်နဲ့လျှောက်
လှုပ်ရှားတဲ့အခါ — ပိပိရိရိလှုပ်ရှား။

ခက်ထန်မာကြောတဲ့ နှလုံးသားမှာ အကြင်နာပန်းများ မပွင့်နိုင်ဘူး။ အကြင်နာပန်းမပွင့်တဲ့ ဥယျာဉ်မှာ ဘယ်လိုလုပ် သစ္စာပန်းရှိမလဲ။

လူတွေကို ရဲရင့်စေတာ ၊ အားငယ်စေတာ ၊ တိုးတက်စေတာ ၊ ညိုးနွမ်းစေတာ ၊ ရှင်သန်စေတာ ၊ ဆုတ်ယုတ်စေတာ အဲဒီ အရာအားလုံးရဲ့ အခရာဟာ အချစ်ပဲ။ တကယ်တော့ အချစ်ဟာ ဆေးလည်း ဖြစ်သလို ဘေးလည်းဖြစ်တတ်တယ်။ အချစ်ကို ကိုင်တွယ်တော့မယ်ဆိုရင် သတိက အမြဲရှိနေရမယ်။

ယုန်ပညာရှိ တဲ့။ ဇီးကွက်ပညာရှိတဲ့။ ပုံပြင်ဟာ ပုံပြင်ပဲ။ လက်တွေ့မှာ ယုန်ဟာ သိပ်ကြောက်တတ်တဲ့ သတ္တ၀ါလေးတစ်ကောင်ဖြစ်သလို ဇီးကွက်ဆိုတာကလည်း နေ့ဘက် မထွက်ရဲတဲ့ ငှက်တစ်ကောင်မျသာ ဖြစ်တယ်။

တစ်ကွက် မှားသောကျားတဲ့။ ဒါပေမယ့် အကုန်လုံး အမှန်ဖြစ်နေလည်း အနိုင်ရချင်မှ ရတာ။

မြင့်မြင့်ပျံတဲ့ငှက်ဟာ အတောင်ညောင်းပေမယ့် ရေထဲ ကျအသေခံတဲ့ စိတ်မရှိသလို ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ လူတိုင်းမှာလည်း အဲဒီမာန်တစ်မျိုးရှိတယ်။ သွားမချိုးမိစေနဲ့။

မှိုင်းဝတဲ့ မီးပုံးပျံဟာ မိုးပေါ်ကို ပျံတက်သွားမှာပဲ။ ဒါပေမယ့် မှိုင်းကုန်ရင်တော့ ပြန်ကျမှာပဲ။

(ဒိုင်ယာရီထဲ ကူးထားမိသမျှ အဆိုအမိန့်တွေပါ၊ ဘယ်သူ့ရဲ့ အဆိုအမိန့်ဆိုတာကို ကူးမထားမိပါဘူး)

လင်္ကာလေးများ

စိတ်မြောက်ကိုယ်မြောက် မကွေ့ကောက်နှင့်
ထောက်ထောက်ထားထား သတိနှင့်စဉ်းစား
စကားဆိုလျှင် ထုံးကိုမှတ် တရားလိုလျှင် ရုံးကိုကပ်
အမြတ်နှင့်အယုတ် အဆုတ်နှင့် အတက်
အနက်နှင့် အတိမ် နှိုင်းဆချိန်။

(ညောင်ပင်သာ ဦးပညာ)

ထို့ထက်တိုး၍ သူတော်လေ့ဖြင့်
မမေ့မလျော့ မပေါ့မဆ အားထုတ်မှဟု
ဆဆကြည်ညို ၀၀မ်းတွင်းသိုလျက်
ကိုယ့်ကိုယ်ကိုယ်ပင် ဆရာတင်၍
သွင့်သင့်ဆင့်ကြ စေလေသောဝ်

(ဆီးပန်းနီဆရာတော်)

ကင်းပညာနှင့် ကမ္ဘာမဟဲ့ ဂုဏ်မဲ့ပေါ်တွင် ဂုဏ်ကိုတင်က ဂုဏ်ရှင်လည်းသွမ်း ဂုဏ်လည်းနွမ်းလိမ့်။
ဂုဏ်မလိုမှ ဂုဏ်ပိုမည်။
ဂုဏ်လိုက ဂုဏ်ပြုတတ်သည်
ဂုဏ်ပင်လဲ ဂုဏ်အိုးကွဲတတ်သည်

အကြင်နွားသိုး မိုးသို့မိုးကာ စောင်၍လာလည်း ရေးရာမပြု ဂရုမထား မြက်စားမပျက် တည်နေချက်ကြောင့် ရန်ဘက်မထင် ထိုကျွဲစင်အား လျှိုးဝင်နမ်းရှုပ် မာန်ကိုရုပ်ပြီး ကျွန်လုပ်၍သာ ပြန်ရစွာရှင့်
(မာဃဒေ၀လင်္ကာ)

အကောင်းအဆိုး အကျင့်မျိုးကား ပြစ်မျိုးပေးနေ ရှိမြဲပေတည့် နဘေဥမင် ပင်လယ်ပြင်၌ အောင်းဝင်ပျံတက် ကံဝိပါက်မှ လွတ်ကွက်လွတ်ရာ မရှိစွာတည်း။

ကြော့ကြမ်းလျှင် မုန်းတတ်သည်
သော့သွမ်းလျှင် ဆုံးတတ်သည်
ဟော့ရမ်းလျှင် ရှုံးတတ်သည်
မကြော့မကြမ်း နုရမည်။
မသော့မသွမ်း ပြုရမည်
မဟော့မရမ်း ရှုရမည်။
(ကျည်းကန်ကိုရှင်ကြီး)

ဟိုတွေး သည်တွေး ဟိုရေးသည်ရေး(၂)

ဘာမှန်းတော့ ခုထိ တကယ် မသိပါဘူး။ twitter ရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာ ခုထိ တကယ် မသိဘူး။ ဒါပေမယ့် သူများတွေရဲ့ ဘလော့စာမျက်နှာကို ကြည့်လိုက်တော့ twitter ဆိုတဲ့ widget လေးတွေ ထည့်ထားကြတယ်။ ဒါနဲ့ ကိုယ်လည်း အားကျမခံ သူများ တွစ်သလို လိုက်တွစ်ကြည့်မလို့ WP ထဲက ပေးတဲ့ wp-twitter တွေ တစ်ခုပြီး တစ်ခု လိုက်စမ်းတယ်။ တစ်ခုမှလည်း ရဘူး။ ဘယ်သူဘယ်ဝါကို သွားမေးရမှန်း မသိတော့ လိုက်ရှာတယ်။ ဒါနဲ့ ဆိုက်တစ်ခုမှာ မဆီမဆိုင် yahoo pipes လုပ်နည်းလေးတွေ့တယ်။ ကောင်းတယ် ဘာညာနဲ့ ကြော်ငြာထားတော့ ကိုယ်လည်း လုပ်ကြည့်တယ်။ အဆုံးထိ တစ်ပုံစံတည်းလုပ်တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာ ဘာလို့ code မပေးတာလည်း စဉ်းစားလို့ မရဘူး။ ဒါနဲ့ ဆိုက်တစ်ခုမှာ နှင်းကျတဲ့ widget လေးတွေ့တယ်။ ဒါနဲ့ လိုက်လုပ်ကြည့်တယ်။ သူလုပ်ထားတာတော့ နှင်းကျနေတာပဲ။ ကိုယ်လုပ်တဲ့အခါကျတော့ သစ်ရွက်တွေ အပေါ်တက်နေတယ်။ နဂိုကတည်းကိုက အားလုံးနဲ့ ဆန့်ကျင် ဆန့်ကျင်နေရတာ သဘောကျခဲ့လို့လား မသိပါဘူး။ လုပ်လိုက်ရင် တလွဲချည်းပဲ။

အလွဲတွေနဲ့ အသားကျနေတဲ့ ကျွန်မက ဟိုလူ ရေးထားတာ လိုက်ဖတ် ဒီလူရေးထားတာ လိုက်ဖတ်လုပ်နေတုန်း လွဲနေတာ တစ်ခု သွားတွေ့တယ်။ ပါဠိကို ရေးထားတာ ပါဌိ တဲ့။ မြန်မာလုပ်ပြီး မြန်မာစာညံ့လိုက်တာလို့ ပြောမလို့ ကြံတုန်း ဆက်ဖတ်သွားလိုက်တာ ဓမ္မဓိဋ္ဌာန်ကိုကျတော့ ဓမ္မဓိဠာန် တဲ့။ ၀ါးခနဲ ငိုချင်သွားတယ်။ ကိုပီကေ လုပ်ထားတဲ့ သတ်ပုံကျမ်းလေးတော့ ရေစုံ မျောပါပြီ။ ကိုယ့်မြန်မာစာ မြန်မာစကားအစစ်မဟုတ်ပေမယ့် အစစ်လိုဖြစ်နေပြီဖြစ်တဲ့ ပါဠိတို့ ဓမ္မဓိဋ္ဌာန်တို့ကို ဘယ်လွဲသင့်မလဲ။ ဒါက တွေ့ရခဲတဲ့ စာလုံးလည်း မဟုတ်ဘူး။ အင်းလေ ထားပါတော့လို့ ထားလိုက်တုန်း နောက်ထပ် လွဲတာ တွေ့ပြန်ရော။ သူများတွေ ယသတ်(ယ်)ကိုအားကျလို့ ရသတ်(ရ်) လုပ်တာလားမသိဘူး။ ရ်သတ်ထားတာ ဘာမှ မဟုတ်ဘူးထင်ရပေမယ့် တကယ်တမ်း မာရ်နတ် ကို ကျွန်မတို့ မာနတ် (သို့မဟုတ်) မန်နတ်လို့ ဖတ်ခဲ့ကြတယ်ဆိုတာလေးကိုလည်း သတိထားသင့်တာပေါ့။ ထားပါ။ အဲဒီ ယသတ်နဲ့ ရသတ်။ ခုက သူများထွင်တာကို အားကျပြီး ထွင်လိုက်တာက ၀ိုက်ချာကို ဖျက်တာပါပဲ။ ဖျက်တယ်ဆိုတာထက် ဖျောက်တာပေါ့လေ။ ဘယ်လိုဖျက်ထားတုန်း ဆိုတော့
ဘလော့ဂါ စတာတွေကို ဘလော့ဂာ
ပါဠိ စတာတွေကို ပာဠိ
ရှေ့ဆောင်နွားလားက ဖြောင့်ဖြောင့်သွားလို့လား မသိဘူး။ နောက်နွားတစ်သိုက်ကလည်း ဖြောင့်ဖြောင့်လိုက်တာပါပဲ။ ၀ိုက်ချာနဲ့ မရေးလို့ မရတဲ့ ခ , ဂ , င စာလုံးတွေမှာ မောက်ချာတွေနဲ့ ရေးထားတယ်။ ထားပါလေ။ ကိုယ်နဲ့လည်း မဆိုင်ဘူးဆိုပြီး ဘာမှ ပြောမနေဘူး။ လှည့်ပြန်ခဲ့တယ်။ နီကိုရဲ စာတွေလို ကျွန်မနဲ့ အလွဲများလို့ပဲ ပြောလိုက်ပါတော့မယ်။ ဒါပေမယ့် အားကျမခံကိုယ်လည်း စကားလုံးတစ်လုံးတော့ ရအောင် ထွင်လိုက်တယ်။

ပျီးပာပျီ

ဟိုတွေး သည်တွေး ဟိုရေး သည်ရေး

ကျွန်မ ခုတလော ပိုစ့်တွေ ရေးချင်စိတ် ကုန်နေတယ်။ ကုန်နေတယ်လို့လည်း မဟုတ်ပါဘူး။ “မေးခွန်း” ဆိုတဲ့ အက်ဆေးလေး တစ်ပုဒ်ရေးထားတယ်။ ရေးရင်း တန်းလန်း ခုတလော Ban တာတွေ တော်တော်ကြားနေရတယ်။ ဒီတော့ Mylovecafe လေးကို အားနာတယ်။ သိတဲ့အတိုင်းပဲ အွန်လိုင်းပေါ်မှာ စာရေးတာဆိုတော့ နည်းနည်း လွတ်နေတယ်လေ။ အယ်ဒီတာစာပွဲကြီး မရှိဘူးလေ။ ဒါပေမယ့် အယ်ဒီတာ စာပွဲမရှိတာက တစ်ခါခါ ပိုဆိုးတယ်။ ဒါနဲ့ ငါတော့ ဒီမေးခွန်းဆိုတဲ့ အက်ဆေးကြီးကို တင်လို့ ဖြစ်ပါဘူးဆိုပြီး ရေးထားတာလေးကို နှမြောတသစွာ အမြန်ဆုံး ဖြဲပစ်လိုက်တယ်။ နောက်အက်ဆေးတစ်ပုဒ်ထပ်ရေးတယ်။ “နာမည်များ” ဆိုပြီးတော့။ အဲဒါကလည်း မလွတ်ပြန်ဘူးဖြစ်နေတယ်။ ဒါနဲ့ ဗလာစာအုပ်ရဲ့ အလယ်စာမျက်နှာကနေ ထပ်ပါးသွားရပြန်တယ်။ သက္ကရာဇ် ၂၀၁၀ လေးဟာ ဘလော့ဂါတွေအတွက် နည်းနည်းဆိုးတဲ့ နှစ်များ ဖြစ်နေမလားလို့လည်း စိုးရိမ်မိတယ်။

အဲလိုနဲ့ “အမှန်တရားကို မြတ်နိုးခြင်း(၅)” ကို ရေးလိုက်တယ်။ “နင်ဝေဖန်လို့ ဘလော့ဂါလောကကြီး တိုးတက်ပြောင်းလဲသွားမယ် ဆိုရင် ဝေဖန်ပါ။ အေး ဝေဖန်လို့ လူမုန်းရုံပဲဆိုရင်တော့ အချိန်ကုန် ပိုက်ဆံကို ကိုယ်ကိုယ်တိုင်လည်း စိတ်ညစ်ရတဲ့ အဖြစ်မျိုးနဲ့ဆို မဟုတ်သေးဘူးနော” လို့ သူငယ်ချင်းက တားပြန်တာနဲ့ ကျွန်မ လုပ်ချင်တာတွေကို သူငယ်ချင်းများ ပါးစပ်ဖျားမှာပဲ ကျရှုံးကုန်ခဲ့တယ်။ ဒါပေမယ့် အမှန်တရားကို မြတ်နိုးခြင်း (၅) မှာ ဝေဖန်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တချို့ဘလော့ဂါတွေဟာ PAC မှာ သုံးနေကြရတာမို့လို့ G-mail စစ်။ Blog တစ်ပုဒ် အမြန်ရိုက်တင်။ (ကျွန်မက ခုထိ စာရိုက်တာ တစ်လုံးစီပဲ။ ဒီစာကို ရိုက်တာ မယုံမရှိနဲ့ တစ်နာရီနဲ့ မိနစ် ၂၀ ကြာတယ်) ကိုယ့်ဆီ အလည်ရောက်လာတဲ့သူဆီ ပြန်သွား။ နောက်ဆုံးတင်ထားတာကို အမြန်ဖတ်။ ထင်တာ ကွန်းမန့်ပေးခဲ့။ ပြီးတော့ အဲဒီလူရဲ့ Cbox ကနေ လမ်းချော်သွားတာလည်း ခဏခဏ။ ပြန်မယ်လို့လုပ်ခါကျတော့ ဟင် ငါ့ဆီလာထားတဲ့ ဘယ်သူ့ဆီလည်း မသွားရသေးဘူးဆိုပြီး “ရောက်တယ်နော်” ဆိုတာလေးချန်ခဲ့။ Cbox ကို မြန်မာတွေ ကြိုက်ကြတာ ဒါကြောင့်ထင်ပါရဲ့လို့လည်း တွေးမိပြန်တယ်။ ပြီးတော့ ဘလော့လောကက တကယ် တိုးတက်သင့်သလောက် မတိုးတက်သေးဘူးလို့လည်း ထင်မိတယ်။ နိုင်ငံခြားမှာတော့ မသိဘူးပေါ့။ ဒီလိုလေ။ ဆိုကြပါစို့။ ဒီနှစ်အတွက် Time မဂ္ဂဇင်းက ဘယ်မင်းသား ဘယ်မင်းသမီးကို အကောင်းဆုံး ရွှေးလိုက်တယ် ဆိုတာမျိုးလေး။ မြန်မာနိုင်ငံမှာ အထင်ကရ ၀က်ဆိုက်ကနေပြီးတော့ ဒီနှစ်တော့ အကောင်းဆုံး ဘလော့ဂါကို ဘယ်သူ့ကို ရွေးပါတယ်စသဖြင့် ရှိရင် ကောင်းမှာလို့လည်း တွေးမိတယ်။

ဒိုင်ယာရီ အဟောင်းမှ (၃)

၁ နှင့် ၂ ကို အသုံးချရလို့ မဖြစ်နိုင်တော့ရင် ၃ ကို အသုံးချရမှာပဲ။ ဘယ်လိုလဲ။ အစီအစဉ် တစ်ခုကို ဆွဲလိုက်တယ်။ ၁က ဒီလိုလုပ်မယ်။ ၁ မဖြစ်ခဲ့ရင် ၂ လုပ်မယ်။ ၁ ရော ၂ရော မဖြစ်နိုင်တော့ရင်တော့ ၃ နဲ့ စခန်းသွားရမှာပဲ။ တတိယနည်းလမ်းပေါ့။ လေမတိုက်ရင် တက်မကိုင်ပြီး လှော်မှ လိုရာခရီး ရောက်မယ်လေ။

အကူအညီပေးနိုင်တဲ့ လက်ဟာ ဘယ်ကို ကြည့်ရမလဲ။ လက်မောင်းရင်းကို ကြည့်ရမယ်။

နေထိုင်လိုက်စမ်းပါ။
ကြည့်တဲ့အခါ — တည့်တည့်ကြည့်
ပြောတဲ့အခါ — တည့်တည့်ပြော
စဉ်းစားတဲ့အခါ — ထိထိမိမိ စဉ်းစား
လမ်းလျှောက်တဲ့အခါ — ဆုံးဖြတ်ချက်နဲ့လျှောက်
လှုပ်ရှားတဲ့အခါ — ပိပိရိရိလှုပ်ရှား။

ခက်ထန်မာကြောတဲ့ နှလုံးသားမှာ အကြင်နာပန်းများ မပွင့်နိုင်ဘူး။ အကြင်နာပန်းမပွင့်တဲ့ ဥယျာဉ်မှာ ဘယ်လိုလုပ် သစ္စာပန်းရှိမလဲ။

လူတွေကို ရဲရင့်စေတာ ၊ အားငယ်စေတာ ၊ တိုးတက်စေတာ ၊ ညိုးနွမ်းစေတာ ၊ ရှင်သန်စေတာ ၊ ဆုတ်ယုတ်စေတာ အဲဒီ အရာအားလုံးရဲ့ အခရာဟာ အချစ်ပဲ။ တကယ်တော့ အချစ်ဟာ ဆေးလည်း ဖြစ်သလို ဘေးလည်းဖြစ်တတ်တယ်။ အချစ်ကို ကိုင်တွယ်တော့မယ်ဆိုရင် သတိက အမြဲရှိနေရမယ်။

ယုန်ပညာရှိ တဲ့။ ဇီးကွက်ပညာရှိတဲ့။ ပုံပြင်ဟာ ပုံပြင်ပဲ။ လက်တွေ့မှာ ယုန်ဟာ သိပ်ကြောက်တတ်တဲ့ သတ္တ၀ါလေးတစ်ကောင်ဖြစ်သလို ဇီးကွက်ဆိုတာကလည်း နေ့ဘက် မထွက်ရဲတဲ့ ငှက်တစ်ကောင်မျသာ ဖြစ်တယ်။

တစ်ကွက် မှားသောကျားတဲ့။ ဒါပေမယ့် အကုန်လုံး အမှန်ဖြစ်နေလည်း အနိုင်ရချင်မှ ရတာ။

မြင့်မြင့်ပျံတဲ့ငှက်ဟာ အတောင်ညောင်းပေမယ့် ရေထဲ ကျအသေခံတဲ့ စိတ်မရှိသလို ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ လူတိုင်းမှာလည်း အဲဒီမာန်တစ်မျိုးရှိတယ်။ သွားမချိုးမိစေနဲ့။

မှိုင်းဝတဲ့ မီးပုံးပျံဟာ မိုးပေါ်ကို ပျံတက်သွားမှာပဲ။ ဒါပေမယ့် မှိုင်းကုန်ရင်တော့ ပြန်ကျမှာပဲ။

(ဒိုင်ယာရီထဲ ကူးထားမိသမျှ အဆိုအမိန့်တွေပါ၊ ဘယ်သူ့ရဲ့ အဆိုအမိန့်ဆိုတာကို ကူးမထားမိပါဘူး)

လင်္ကာလေးများ

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝတနှင့်၊ သုခုပွားရန်၊ ဤလူ့ဋ္ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်။

ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။

လုံးလမထူ၊ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွာ့တည်။

စိတ်ကောင်းတစ်ချက်၊ ရှိဖို့ခက်၊ သိလျှက်မလွယ်ပါ။
မိတ်ကောင်းတစ်ချက်၊ တွေ့ဖို့ခက်၊ ရှိလျှက်မလွယ်ပါ။

အမှားကိုပင်၊ အမှန်ထင်၊ လူတွင်ကြောက်စရာ။
အမှားကိုမြင်၊ အမှန်ပြင်၊ လူတွင်မနှောင်းပါ။

ဒိုင်ယာရီအဟောင်းမှ ကူးထားမိသမျှ လင်္ကာလေးတွေပါ။

Powered by WordPress | Get Cheap or Free T-Mobile Cell Phones Online. | Thanks to Best Savings Accounts, Credit Cards and Reverse lookup
snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake snowflake